FPL-3

in #steempress5 years ago

FPL ပြိုင်ပွဲ လုပ်မယ်ဆိုပေမဲ့ စိတ်ဝင်စားတဲ့သူက နည်းပါးလွန်း လှပါတယ်။ အနည်းဆုံး ယှဉ်ပြိုင်တဲ့သူ အယောက် နှစ်ဆယ်မှ မရှိရင်တော့ ပြိုင်ပွဲကို ဆက်လုပ်ဖို့ ဖြစ်နိုင်မှာ မဟုတ်ပါဘူး။ ကျွန်တော်ထင်နေတာက မြန်မာနိုင်ငံမှာ ဘောလုံးကို စိတ်ဝင်စားတဲ့သူ အတော်များတယ် လို့ပါ။ ဒါပေမဲ့ လက်တွေ့မှာတော့ စိတ်ဝင်စားတဲ့ သူ မရှိလှပါဘူး။

Website ကို သုံးရတာ အခက်အခဲ ရှိနေလို့ ဖြစ်ကောင်း ဖြစ်ပါလိမ့်မယ်။ ဒါမှမဟုတ် ပိုက်ဆံ အကုန်မခံ ချင်လို့လဲ ဖြစ်ပါလိမ့်မယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် EPL ကတော့ ကျွန်တော်တို့ကို စောင့်မနေပါဘူး။ သြဂတ်လ ဆယ်ရက်နေ့ နောက်ဆုံးထားပြီးတော့ ကိုယ့်လူစာရင်းကို တင်ရမှာ ဖြစ်ပါတယ်။

ဒီနေရာမှာ FPL ကို ပိုမိုပြီးတော့ သွက်လက်သွားစေမယ့် chips အခိျု့ ရှိနေပါတယ်။ အဲဒီ chips တွေကို မှန်ကုန်စွာသုံးနိုင်ရင် အမှတ်တွေကို ပြောင်းလဲ သွားစေနိုင်မှာ ဖြစ်ပါတယ်။

  • Wild Card
  • Triple Captain
  • Bench Boost
  • Free Hit

Wild card ဆိုတာကတော့ မိမိရဲ့ အသင်း တစ်သင်းလုံးကို လဲလို့ ရတာပါ။ မိမိ အသင်းက အခြေအနေ မကောင်းဘူးဆိုရင် တစ်သင်းလုံးကို လဲ လိုက်လို့ ရပါတယ်။ တစ်ရာသီလုံးအတွက် လဲလှယ်တာပဲ ဖြစ်ပါတယ်။

Triple captain ဆိုတာကတော့ မိမိ အသင်းရဲ့ ခေါင်းဆောင် ရတဲ့ အမှတ်ကို သုံးဆ တိုးပေးတာ ဖြစ်ပါတယ်။ ဥပမာ မန်စီးတီး အသင်းနဲ့ အောက်ဆုံးက အသင်းနဲ့ တွေ့နေတယ် ဆိုပါစို။ အဲဒီ အချိန်မှာ အဂွဲရိုးကို အသင်းခေါင်းဆောင်နေရာကိုထားပြီးတော့ triple captain chip ကို သုံးလိုက်ရင် အဂွဲရိုး ရတဲ့အမှတ်ကို သုံးနဲ့ မြှောက်ထားတဲ့ ရမှတ်ကို ရမှာ ဖြစ်ပါတယ်။ အဲဒီလိုပဲ ကိုယ်အမှတ်ရမယ် ထင်တဲ့သူကို အသင်းခေါင်းဆောင်ခန့်ပြီးတော့ chip ကို သုံးလိုက်လို့ရပါတယ်။

Bench boost ဆိုတာကတော့ အရန်ခုံမှာ ထိုင်နေတဲ့သူဆီက အမှတ်ယူတာပါ။ သာမန်အားဖြင့်ဆိုရင် အရန်ခုံမှာ ထိုင်နေတဲ့သူဆီက အမှတ်မရပါဘူး။ ဒါပေမဲ့ သူကလဲ အမှတ်ရနိုင်တဲ့ အလားအလာ ရှိနေရင်တော့ bench boost ကို သုံးလို့ရပါတယ်။

Free hit ဆိုတာကတော့ wild card နဲ့ အတူတူပါပဲ။ ဒါပေမဲ့ သူက တစ်ပတ်ပဲ ခံပါတယ်။ Free hit နဲ့ အရင်စမ်းကြည့်ပြီးမှ wildcard သုံးရင် ပိုကောင်းပါတယ်။



Posted from my blog with SteemPress : http://steemhosting.com/myanmarpress/?p=127
Sort:  

Hi, @mmunited!

You just got a 2.91% upvote from SteemPlus!
To get higher upvotes, earn more SteemPlus Points (SPP). On your Steemit wallet, check your SPP balance and click on "How to earn SPP?" to find out all the ways to earn.
If you're not using SteemPlus yet, please check our last posts in here to see the many ways in which SteemPlus can improve your Steem experience on Steemit and Busy.

Coin Marketplace

STEEM 0.31
TRX 0.12
JST 0.034
BTC 64742.01
ETH 3172.49
USDT 1.00
SBD 4.10