Game: update

in #steempress5 years ago

Durgwars က နေ storage တွေကို တင်ပေးလိုက်ပါတယ်။ နောက်ဆို တိုက်ရတာ ပိုခက်လာမှာပါ။ ဒါပေမဲ့ အနည်းဆုံး တစ်ကြိမ်အဆင့်မြှင့်မှ ပြောင်းလဲ ထားတာကို ခံစားခွင့်ရှိမှာ ဖြစ်ပါတယ်။ ကျွန်တော့် storage တွေမှာဆိုရင် rss တွေကို သန်းခဲ့ချီပြီး သိုလှောင်ထားလို့ရနေပါပြီ။


Image Source


နောက်တစ်ချက်တော့ training တွေပါလာတာပါပဲ။ Training တွေကလဲ လယ်ဗယ်အတော်မြင့်နေမှ တိုက်လို့ကောင်းမှာ ဖြစ်ပါတယ်။ အကောင်တွေ သေဆုံးမှုနှုန်းကတော့ နည်းသွားမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ active ဖြစ်တဲ့သူနဲ့ မဖြစ်တဲ့သူ အများကြီး ကွာခြားသွားမယ် ထင်ပါတယ်။

NextColony မှာလဲ explorer သုံးကောင်တော့ ရနေပါပြီ။ ဒါပေမဲ့ ဂြိုဟ်တစ်လုံးမှ ရှာလို့မတွေ့သေးတာက ပြဿနာပါ။ ကံကသိပ်ပြီးတော့ မကောင်းလှဘူး။ သူများတွေဆို နှစ်လုံးတောင်ရနေပါပြီ။ ဒါမှမဟုတ် legendary ဂြိုဟ် ရချင်လို့များလား။ အဲဒီအတွက် စောင်နေတာလား မသိဘူး။ ဂြိုဟ် အသစ်ရရင်တော့ Steem100 လောက်တော့ သုံးရမယ်ထင်ပါတယ်။ ဒါမှလဲ rss တွေကို အဆင့်မြှင့်တင်လို့ရမှာ ဖြစ်ပါတယ်။

နောက်လုပ်မည့် အစီအစဉ်တွေကို ဂြိုဟ်ရှာလို့ တွေ့မတွေ့ဆိုတဲ့ အပေါ်မူတည်နေပါတယ်။ ဂြိုဟ်တစ်ဂြိုဟ်မှ ရှာလို့မတွေ့ဘူးဆိုရင်တော့ ပိုက်ဆံ အကုန်ခံပြီး explorer တွေ ဆောက်ထားတာ အလကားဖြစ်မှာပါ။ ဂြိုဟ်တစ်လုံးထဲနဲ့ကတော့ ထိပ်ဆုံး ၁၀၀ ထဲ ဝင်ဖို့တောင် မလွယ်ပါဘူး။ ဂြိုဟ်တစ်လုံးထပ်ရဖို့ ဆုတောင်းရမလိုတောင် ဖြစ်နေပါပြီ။

တောင်းတဲ့ဆုတွေကရော ပြည့်မှာလား။ လာပါတော့ legendary လေးရယ်။ မျှော်သူမောရပါတယ်။ Legendary ကတော့ လေလံပစ်တုန်းကတောင် ၁၃၀၀ စတင်းကျော်ပါတယ်။ ပြန်ရောင်းလိုက်ရင်တောင်မှ အမြတ်ရနေပါပြီ။ ကစားမလား၊ နားမလား။ နှစ်လုံးလောက်တွေ့ရင်တော့ တစ်လုံးလောက်ရောင်းရင်ကောင်းမလားပဲ။



Posted from my blog with SteemPress : http://steemhosting.com/myanmarpress/?p=291
Sort:  

legendary က ဈေးက တော်တော်မြောက်တာပဲဗျ။

Posted using Partiko Android

မြောက်တယ် ဘရို။

အယ် ကျော်တို့တွေတောင်း ဘာမှမရသေး

Posted using Partiko Android

Coin Marketplace

STEEM 0.29
TRX 0.12
JST 0.032
BTC 64266.51
ETH 3121.56
USDT 1.00
SBD 4.08