ကံကောင်းစေသော ဂဏာန်း

in #steempress5 years ago

သူများတွေအတွက် ကံကောင်းစေသော နံပါတ် (lucky number) က ၇ ဆိုပေမဲ့ ကျွန်တော့်အတွက်တော့ ၉ ဖြစ်နေမလားပဲ။ NC ရဲ့ranking မှာ ၉ မှာ ရောက်နေတာ ရှာပါပြီ။ ကျသွားလဲ ခဏပဲ ဂြိုဟ်ရှာလို့ တွေ့ပြီးသော အပေါ်ကို ပြန်ရောက် လာပါတယ်။


Image Source

၉ ဂဏာန်းကို သင်င်္ချာနည်းအရ အဓိပ္ပာယ် ကောက်ယူမယ်ဆိုရင် fighter(တိုက်ခိုက်သူ) တွေလို့ အဓိပ္ပာယ် ဖွင့်ဆိုပါတယ်။ သူတို့တွေဟာ စစ်နတ်ဘုရား Mars ကို ကိုယ်စားပြုပါတယ်။ အတိုက်အခိုက်သန်ပါတယ်။ သစ္စာရှိပါတယ်။ ရန်သူတွေ နဲ့လဲ မကြာခဏ ရင်ဆိုင်ရပါတယ်။

Rank က ၉၊ meta skill က ၃၆၀၊ ဂြိုဟ်က ၁၈လုံး စုစုပေါင်း ၉ မျိုးမှာ သုံးမျိုးက ၉ ဖြစ်နေတာကလဲ သာမန်တိုက်ဆိုင်မှု မျိုးတော့ မဟုတ်ဖူး ထင်ပါတယ်။

ဂြိုဟ်လေးတွေက လှတယ် မဟုတ်လားဗျ။ ကျွန်တော်ကတော့ ၁၆ ခုမြောက် ဂြိုဟ်ကို သဘောကျပါတယ်။ ကို @tunnaingwin ဆီကနေ ဝယ်ထားတာပါ။ မိတ်ဆွေတို့ရဲ့ ဂြိုဟ်လှလှလေးတွေကိုလဲ မျှဝေပေးခဲ့ပါဦး။

ဂြိုဟ်တွေ ဘယ်လောက်ပဲ လှသည်ဖြစ်စေ မလှသည် ဖြစ်စေ Legendary တွေကတော့ တန်ဖိုးအရှိဆုံးပါပဲ။ Legendary ဂြိုဟ်တစ်လုံးလောက် ရဖို့ကိုတော့ မျှော်လင့်မိပါတယ်။ Steem က ဘယ်ဆီနေမယ် မသိပါဘူး။ ဘယ်လောက်ကြာကြာ ကစားရမလဲ ဆိုတာလဲ မသိသေးပါဘူး။ ဆုကြေးကတော့ တဖြေးဖြေး များသထက် များလာနေပါပြီ။

Wonder ဆိုတာကတော့ ယာဉ်လို့ ထင်ပါတယ်။ အဲဒီယာဉ်ကို တိုက်ခိုက်မှု ကာကွယ်မှုတွေ လုပ်ရမယ်လို့ ထင်ပါတယ်။ ကိုယ်လုပ်နိုင်တာကတော့ active ဖြစ်နေတာပါပဲ။ ဒါတောင်မှ အလုပ်လုပ်စရာ ရှိနေရင်တော့ ဂိမ်းမကစားနိုင်ပါဘူး။



Posted from my blog with SteemPress : http://steemhosting.com/myanmarpress/?p=35
Sort:  

ကျွန်တော့ rare planet လည်း လှတယ် ဗျ။ ဂိမ်း အရမ်း ကြာနေရင် ကျနော် ကစားနိုင်ပါ့မလား မသိပါဘူး။ ခု ကိုယ့်အင်အား ကို အားမရဘူး။ လက်ရှိ ရှိသမျှ အားလုံးပေါင်း ( 10% rune တစ်လုံး မသုံးရသေး + 10 Planets ) 1000 steem လောက် ရရင် ရောင်းသင့်လား ဗျ။

ရောင်းသင့်တာပေါ့ဘရို။ ဘရို ရင်းထားတာက 300 လောက်ပဲ ရှိတာဆိုတော့ 700 လောက်မြတ်နေပြီလေ။

ဟုတ် ဘဒို။ ခက်တာက ရောင်းချင် ပေမယ့် ဒီဈေးနဲ့ ဝယ်သူ မရှိတာပဲ။ Haha !! 😃

Hi, @mmunited!

You just got a 2.77% upvote from SteemPlus!
To get higher upvotes, earn more SteemPlus Points (SPP). On your Steemit wallet, check your SPP balance and click on "How to earn SPP?" to find out all the ways to earn.
If you're not using SteemPlus yet, please check our last posts in here to see the many ways in which SteemPlus can improve your Steem experience on Steemit and Busy.

Coin Marketplace

STEEM 0.27
TRX 0.13
JST 0.032
BTC 60895.62
ETH 2917.92
USDT 1.00
SBD 3.58