ပြန်လည်ခံစား လူမှုပေါင်းသင်းမှုများ(1+2)

in #steempress5 years ago

ပြန်လည်ခံစား လူမှုပေါင်းသင်းမှုများ(1+2)


လူဟုသောအမျိုးဆိုတာ တစ်ယောက်ထဲနေလို့မရပါ။မိဘ၊ဆွေမျိုး၊ညီအကို ၊မောင်နှမ၊ပတ်ဝန်ကျင်စသော အသိုင်းအဝိုင်းတွေနဲ့နေရာကြသည်။ထိုအသိုင်းအဝိုင်းတွေကြာ ဒီအတိုင်းနေလို့မရပါ။ပြောဆိုတတ် ပေါင်းသင်တတ်မှာ လူပတ်ဝန်းကျင်တွင် အဆင်ပြေပြေနေနိင်ပါလိမ့်မည်။ကဲ့ ဒါဆို လူအမျိုးမျိုး စိတ်အထွေထွေရှိကြတဲ့ လူလောက ကမ္ဘာကြီးမှာ ကျွန်တော်တို့ဘယ်လိုပေါင်းသင်း ဆက်ဆံမှုတွေပြုကြမလဲ။ဘယ်လိုပုံစံနဲ့ပြောဆိုပေါင်းသင်းပြီး မိတ်ဆွေစစ်တွေကို ဘယ်လိုရှာကြမလဲ။စဉ်းစားစရာတွေအများကြီးဖြစ်လာပြီးနော်။သို့သော် လူတကာနှင့်အဆင်ပြေအောင် ပေါင်းသင်းဆက်ဆံဖို့ဆိုတာ တကယ်မလွယ်တဲ့ အရမ်းအရေးကြီးသော အကြောင်းအရာတစ်ခုဖြစ်လာတယ်။လူတွေက ပေါင်းသင်းဆက်ဆံကြတာ လွယ်တယ်လိုထင်ကြတယ်။တကယ်တမ်း ကိုယ်တိုင်ပေါင်းသင်းဆက်ဆံကြည့်ပါ။တကယ်မလွယ်တဲ့ကိစ္စပါ။လူအမျိုးမျိုး စိတ်ချင်တူအောင် နေထိုင်ဖို့ ခက်ခဲပါတယ်။နောက်လူချင်းတူသောလည်း အသက်ရှုခြင်းကွာခြားတယ်။

အသက်ရှုခြင်းတူသောလည်း မှုကတော့တူဖို့ခက်ပြန်တယ်။ဒါဆို ကျွန်တော်တို့က လူလောကထဲက လူဖြစ်တဲ့အတွက် ပေါင်းသင်းဆက်ဆံမှုဆိုတာ မရှိမဖြစ်လိုအပ်လာတာ အမှန်ပါဘဲ။သူတို့တွေနဲ့စိတ်ဓာတ်ချင်းတူရာစုပြီးပေါင်းသင်းကြတာရှိသလို စိတ်ချင်း အကျင့်ချင်းမတူဘဲ ပေါင်းသင်းတာကို တွေ့မြင်ရပြန်တယ်။သိုသော် ဘယ်လိုဘဲ ပေါင်းသင်းဆက်ဆံပါစေ တစ်ယောက်နဲ့တစ်ယောက် နားလည်မှုတွေ ရှိကာ ပေါင်းသင်းဆက်ဆံပြောဆိုတတ်ဖို့လိုတာပေါ့။ဒီအတိုင်း သွားပြီးပေါင်းသင်းဆက်ဆံဖို့ ဘယ်ဖြစ်မလဲနော်။လူထဲမှာ စိတ်ကောင်းရှိတဲ့သူရှိသလို ယုတ်မာတဲ့သူတွေရှိကြသည်။ဒါကြောင့် သူအကျသ့် သူစိတ်ဓာတ်တွေကိုကြည့်ပြီး ပေါင်းသင်းကြစို့။

({[ရှေ့ဝယ်သောအခါ၊တောဟေမာ၌၊ပညာမြော်မြင်၊ခါမျောက်ဆင်တို့၊ညောင်ပင်တစ်ခု၊သက်သေပြု၍၊ဂုဏဝုဍ္ဎာ၊ပစာယန၊ကျင့်ကုန်ကြကြောင့်၊လူမျှမတန်၊တိရိစ္ဆာန်လျက် ၊နတ်ထံမုချ၊ရောက်ကုန်ကြ၏။]})

ထိုနီတိလာ စာသားလေးကိုကြည့်ခြင်းဖြင့်
ဟိုးရှေ့အခါက ဟိမဝန္တာတော၌ ဆင် ၊မျောက်၊ခါ စသော အပေါင်းအဖော် ၃ကောင်ဟာ ညောင်ပင်ကြီးတစ်ပင်တွင် အမှီသဟဲပြုကြလေသည်။သူတို့၃ကောင်ဟာ သက်ကြီးသူက သက်ငယ်သူကို ရိုသေလေးစားပြီး သက်ငယ်သူကလည်း သက်ကြီးသူကို ချစ်ခင်ပြီးတစ်ဦးနဲ့တစ်ဦး နားလည်မှုတွေနဲ့ ပေါင်းသင်းဆက်ဆံကြပါသည်။သူတို့တွေဟာ တစ်ဦးနဲ့တစ်ဦးမိတ်ဆွေကောင်းတွေဖြစ်ကာ သေလွန်လေသောအခါ၌ နတ်ပြည်မှု အတူတကွ စံမြန်းကြလေသည်။ဒါကိုကြည့်ခြင်းဖြင့် မိတ်ဆွေကောင်း အပေါင်းအသင်းကောင်းရင် နတ်ပြည်ကိုအတူတကွစံစားနိင်ကြောင်း တွေမြင်ရသည်။ဒါကြောင်း စာဖတ်သူအပေါင်းတို့လည်း ပေါင်းသင်းဆက်ဆံတတ်ကြပါစေ။

လူတို့သည် သွေးသားတော်စပ်ကြသောလည်း အနေဝေးသောကြောင့် စိမ်းနေတတ်တာ ရှိကြပါလိမ့်မယ်။သို့သော် ထိုသူသည်တစ်စုံတစ်ခုဖြစ်လျင် စိတ်ထဲ၌ ဝမ်းနည်းတတ်ကြသည်။မိမိဆွေးမျိုးတော်သူနှင့်သူစိမ်းရန်ုဖ်းကြလျင် မိမိဆွေမျိုးဘက်က နာတတ်ကြသည်။မိမိဆွေမျိုးတစ်ဦးတစ်ယောက် အပြောခံရတတ်လျင် ထိုသူတို့က မကြိုက်ပါ။ချီးကျူးခံရရင်တော့ ဝမ်းမြောက်တတ်ကြသည်။မည်သို့ပင်ဆိုစေကာမှု ဆွေမျိုးဆိုတဲ့သွေးက ရှိနေတဲ့အတွက် စိတ်ပူစရာရှိရင် စိတ်ပူတတ်ပြီး ပျော်စရာရှိရင်လည်း အတူတကွ ပျော်ရွှင်ကြသည်။ခုခေတ်ဆွေမျိုးတွေမှာတော့ ရွှေရှိမှ အမျိုးတော်တတ်ကြသည်။သို့သော် သွေးက စကားပြောတဲ့အတွက် တစ်ခုခုဖြစ်ရင်တော့ ကြည့်မနေတတ်ကြပါဘူး။ကိုယ်ဆွေမျိုးကို ချစ်ပါ။မြတ်နိုးပါ။

မိမိဆွေမျိုးများနှင့် အချင်းချင်းမခေါ်မပြောသောလည်း တစ်ခုခုဖြစ်လာလျင် ကျော်ခြင်းကပ် ရင်ခြင်းအပ်ပြီးေုဖရှင်းတတ်ကြတာ တွေ့ရပါသည်။အဝတ်တန်ဆာတို့သစ်တိုင်းကောင်းသဖြင့် တစ်နေ့တစ်မျိုးမရိုးရအောင် ဝတ်ဆင်တတ်ကြသည်။သိုသော် အပေါင်းအသင်းဆိုတာ ဟောင်းတိုင်းမိမိအပေါ်ကောင်းပြီး အသစ်က အဟောင်းလောက်ကောင်းဖို့ဆိုတာ မဖြစ်တိင်ပါဘူး။ဒါကြောင့် အပေါင်းအသင်းဟောင်းများကိုမမေ့ကြပါနဲ့။တန်းဖိုးထားအလေးထားကြပါ။

"ငယ်ကပေါင်းသင်း ၊ကျွမ်းဝင်ခြင်းဖြင၊့် နှီးရင်းမှီကပ်၊ချစ်အပ်သက်တူ၊ဤသူတစ်ဦး၊ကိုယ်ကျေးဇူးကို၊အထူးပြုအပ်၊ပြုတတ်တုံမြောက်၊ထိုနှစ်ယောက်တို့၊ယွင်းဖောက်စိုးစီ၊ဖြစ်လျင်လည်း၊သည်းခံစိတ်လေး၊ မွေးစေချင်။"
နီတိစာပေမှာရေးသားဖော်ပြထားပါတယ်။
ငယ်ငယ်ကရင်းရင်းနှီးနှီး၊ချစ်ချစ်ခင်ခင်နေခဲ့ရသူတစ်ဦး၊ကိုယ်ကျေးဇူးကိုပြုတတ်သူတစ်ဦး၊ထိုနှစ်ဦးတို့သည် မိမိအကျိုးကို လိုလားကြသူများဖြစ်၍ ထိုသူတို့သည် မိမိအပေါ် ဖောက်ဖြားခဲ့သည် ရှိသော် မိမိဘက်က ငယ်အကြောင်းကိုအမှတ်ရပြီး သည်းခံခွင့်လွတ်ပေးပါ။ မေတ္တာဆိုတာ ရောင်ပြန်ဟပ်ပါတယ်။

စာဖတ်သူအားလုံးလည်း အပေါင်းအသင်းအပေါ်ခင်တွယ်ကြပြီး ဆွေမျိုးများအပေါ် ချစ်ခင်ကြပါ။

အစဉ်ကြိုးစားလျက်
Author tunnaingwin
Msc.100


Posted from my blog with SteemPress : https://myanmarknowledge.xopus.io/?p=33

Coin Marketplace

STEEM 0.30
TRX 0.12
JST 0.033
BTC 64386.10
ETH 3142.17
USDT 1.00
SBD 3.98