writing time

in #story6 years ago (edited)

ဒသမတန်းအ​ကြောင်း ​ပြောဖြစ်​လို့ မ​နေ့ညက အိပ်​မက်​ကို ပြန်​သတိရမိတယ်​။

ကျွန်​​တော်​က ဒသမတန်းကို အ​တော်​ကံ​ကောင်းလို့ ​အောင်​လာတာပါ။ ​နောက်​ထပ်​ ပြန်​​ဖြေရရင်​ ဘယ်​နည်း မ​အောင်​။

ဒါ​ကြောင့်​လား မသိ။ က​လေး​တွေ စာ​မေးပွဲ ​ဖြေ​တော့မယ်​ဆို အိပ်​မက်​ဆိုး မက်​တတ်​တယ်​။

ယခင်​နှစ်​က အိပ်​​ပျော်​​နေတာနဲ့ စာ​မေးပွဲ မ​ဖြေလိုက်​ရဘူး လို့ အိပ်​မက်​ မက်​ခဲ့တယ်​။ အိပ်​မက်​ထဲ ​လေးဆယ်​ကျော်​ အဖိုးကြီး ငိုလိုက်​ရ​သေး။

ယခုနှစ်​က တစ်​မျိုး။

စာ​မေးပွဲသာ လာ​ဖြေရ။ ​ဖြေစရာ စာမရလို့ ​မေးခွန်းကို မဖတ်​ရဲဘူး တဲ့။

တကယ်​လည်း ကျွန်​​တော်​တို့က မျိုးနဲ့ ရိုးနဲ့ Bio ညံ့သူ​တွေ။

Bio ဆရာမက သိပ်​ညံ့တယ်​လို့ ကျွန်​​တော့်​ကို မြင်​တယ်​။ သင်္ချာ ဆရာက သူ့တပည့်​ကို ညံ့တယ်​​ပြောရင်​ နည်းနည်းမှ မကြိုက်​ဘူး။ အင်္ဂလိပ်​စာ ဆရာက ကျွန်​​တော်​ ​ရေးတဲ့ Essay ကို အတန်းထဲမှာ ဖတ်​ပြတတ်​တယ်​။

ကျွန်​​တော်​က အဲဒီလို။

သား​တော်​​မောင်​​တော့ ကံ​ကောင်းပါ​စေ ဆု​တောင်း​နေရ။သည်
image

photo :: google

Sort:  

Upvoted ☝ Have a great day!

Coin Marketplace

STEEM 0.27
TRX 0.12
JST 0.031
BTC 61757.83
ETH 2905.75
USDT 1.00
SBD 3.62