☔မိုးစက်​​လေးများ☔

in #story6 years ago

☔မိုးစက်​​လေးများ☔
အပိုင်း (၁)

သည်းမည်းစွာ ဘယ်​အညှိုးနဲ့မှန်းမသိ ရွာချ​နေ​သော မိုး​တွေ​ကြောင့်​ "ဥက္ကာ"​ကျောင်းသို့မသွားချက်​ဘဲပျင်း​​နေမိပါသည်​။

"​မြေး​လေး....ထပါကွယ်​​ကျောင်းသွားရမယ်​​လေ....ဘယ်​ချိန်​ရှိပြီလဲ...."

"ဟာဖွားကလဲဗျာ....သားဗိုက်​​အောင့်​လို့ပါ...ဒီ​နေ့​ကျောင်းမတတ်​ဘူး...."

"ဥက္ကာ" သူ့အဖွားအ​ကြောင်း သူဘဲသိတာ​လေ...."ဖွားမိုး" က​ခေါင်းကိုက်​တယ်​လို့​ပြောရင်​ ​ဆေးတိုက်​ပြီးအတင်းသွားခိုင်းတတ်​ပါသည်​။ ထို့​ကြောင့်​ "ဥက္ကာ" ဗိုက်​​အောင့်​သည်​ဟု လိမ်​​ပြောရခြင်းပင်​ဖြစ်​ပါသည်​။ ​ဟော.... ဗိုက်​​အောင့်​တယ်​​ပြော​တော့ ဝမ်းသွားမလားဆို​သော စိုးရိမ်​စိတ်​ဖြင့်​ "ဖွားမိုး" ​ကျောင်းမတတ်​ခိုင်း​​တော့ပါ။

"ကဲ...ဒါဖြင့်​လည်း....ထ​တော့ ​ဆေး​သောက်​ပြီးနား​နေလိုက်​....ကျက်​သင့်​တဲ့စာ​တွေကျက်​ထားလိုက်​......"

"ဖွားမိုး"​ပြောသင့်​တာ​ပြောကာထွက်​​သွားပါ​လေသည်​။ အရမ်းအလိုမလိုက်​ဘဲ စည်းကမ်းကြီး​သော "ဖွားမိုး" ကို "ဥက္ကာ" ငယ်​ငယ်​​လေးတည်းက ​ချစ်​​ကြောက်​ရို​သေလာတာ ခုဆို ဆယ်​တန်း​ရောက်​​နေပြီးမဟုတ်​ပါလား.....။

"ဥက္ကာ"မျက်​နှာသစ်​ပြီး ဝရံတာမှ အညိုးကြီးစွာဖြင့်​ရွာ​နေ​သော မိုးစက်​​လေးများကို ​ငေးကြည့်​​နေမိပါသည်​။


"မိုးစက်​" သည်​မိဘများမရှိကြ​သော​ကြောင့်​ ရန်​ကုန်​မှ ​ဒေါ်​လေးနှင့်​​နေရပါသည်​။ "​ဒေါ်​လေးမြ"တွင်​ " မိုးစက်​" နှင့်​တန်းတူ သမီး "မြင့်​မိုရ်​" တစ်ဦးရှိပါသည်​။ "မြင့်​မိုရ်​"သည်​ ရုပ်​က​လည်း​ချော၊ စာကလည်း​တော်​​သော​ကြောင့်​ မာနကြီးပါသည်​။ "မိုးစက်​" ကိုဆို အမြဲအနိုင်​ကျင့်​​လေ့ရှိသလို "​ဒေါ်​လေးမြ"ကလည်း ​ခေါ်သာ​ခေါ်ထားရတာ သိပ်​ပြီးမကြည်​ဖြူချင်​ပါ။ "မြင့်​မိုရ်​"သည်​ "မိုးစက်​" ထက်​လပိုင်းသာကြီး​သော်​လည်း သူများအိမ်​မှာ​နေရ​သော​ကြောင့်​ ​ရို​သေရမှာ "မိုးစက်​" ​မဟုတ်​ပါလား.....။

ကျောင်းပိတ်​ရက်​​တွေမှာဆို "မိုးစက်​" လက်​တစ်​ဖက်​က ​ကျောင်းစာအုပ်​​လေးကိုင်​ပြီး ကျန်​တစ်​ဖက်​က ​ရေပိုက်​ကိုင်​ကာ ပန်းပင်​​လေး​တွေကို ပြုစု​သော ဥယျဉ်​မှူးအလုပ်​ ၊ ကြမ်းတိုက်​ ၊ အဝတ်​​လျှော်​ စ​သောအိမ်​မှု ကိစ္စများလုပ်​ရ​လေ့ရှိပါသည်​။ ​ကျောင်းဖွင့်​ရက်​​တွေဆိုရင်​လည်း ကိုယ့်​တာဝန်​ကို "မိုးစက်​"ထမ်း​ဆောင်​ရန်​ မနက်​​စော​စောထပြီး လုပ်​ကိုင်​ရ​သော​ကြောင့်​ "မိုးစက်​" ဘဝသည်​ "မြင့်​မိုရ်​" ဘဝနှင့်​နှိုင်းယှဉ်​ကြည့်​ပါက မိုးနှင့်​​မြေလို ကွာခြားလွန်းလှပါ​လေသည်​.......။

ဆက်​ရန်​........။

Coin Marketplace

STEEM 0.29
TRX 0.13
JST 0.033
BTC 63133.02
ETH 3043.69
USDT 1.00
SBD 3.63