စည်းကမ်းရှိ​စေချင်

in #thoughts6 years ago (edited)

image
ည​နေ​စောင်း​နေ​သော်​လည်းအပူရှိန်​ကားမကျ​သေး​ပေ။လေ​ပွေတစ်​ချက်​တိုက်​လိုက်​ပါကဆိုင်​ထဲသိုသဲနှင့်​ဖုန်​များအလုံးလိုက်​၀င်​လာသည်​။ဘယ်​​နေရာကိုင်​ကိုင်​ဖုန်​မှုန့်​များကအသင့်​​နေရာယူ​နေကြသည်​။ထိုင်​​နေရာကထပြီးတံမြတ်​စည်းလှည်းဖို့ထွက်​လာခဲ့သည်​။ဒီ​နေ့အတွက်​သုံးကြိမ်​​မြောက်​ဖြစ်​သည်​။ဆိုင်​ထဲလှည်းပြီးလျင်​ဆိုင်​​ရှေ့လှည်းရဦးမည်​ဖြစ်​သည်​။ကိုယ့်​​နေရာပတ်​၀န်းကျင်​​လေး​တော့အတတ်​နိုင်​ဆုံးသန့်​ရှင်း​အောင်​ထားသည်​။ရှင်းရှင်းလင်းလင်းဖြစ်​​နေပါက​နေရထိုင်​ရသည်​မှာစိတ်​ချမ်းသာသည်​။တံမြတ်​စည်းလှည်းရင်းနဲ့အ​တွေးက၀င်​မိပြန်​သည်​။ကိုယ်​​အိမ်​ပတ်​၀န်းကိုကိုယ့်​ဘာသာသန့်​ရှင်း​ရေးလုပ်​မည်​ဆိုရင်​တစ်​မြို့လုံးသန့်​ရှင်း​နေမည်​ဖြစ်​သည်​။တစ်​ချို့လူ့ဂွစာများရှိသည်​။အမှိုက်​ပုံး​လေး​တော့မထားပဲအိမ်​​ရှေ့လမ်း​ဘေးအမှိုက်​ပုံသည်​။သွားလာ​နေကြ​တော့လူများကဘ်းအမှိုက်​ပုံထားတာ​တွေ့​တော့အမှိုက်​ပစ်​သွားကြသည်​။ဒီလိုနဲ့အမှိုက်​ပုံကြီးကတစ်​ဖြည်းဖြည်းကြီးတာ​တော့သက်​ဆိုင်​ရာအမှိုက်​လာမသိမ်းဘူးဆိုပြီးပြသနာရှာသည်​။မိမိတို့ဘာသာအမှိုက်​ပုံးထားရှိပြီးစည်းကမ်းတကျအမှိုက်​စွန့်​ရမည့်​​နေရာတွင်​စွန့်​ပစ်​ပါကထိုသို့ဖြစ်​လာမည်​မဟုတ်​​ပေ။တစ်​ခြားဖွံဖြိုးပြီးနိုင်​ငံများတွင်​သန့်​ရှင်း​ရေးကိုအထူးဂရုပြုကြသည်​။သန့်​ရှင်း​ရေးဝန်​ထမ်းများ၏လစာလည်း​ကောင်းလှသည်​။နောက်​ပြီးမိမိတို့၏ရင်​​သွေးငယ်​များကိုလည်းငယ်​ငယ်​ကတည်းကသန့်​သန့်​ရှင်းရှင်း​နေတတ်​​စေရန်​​လေ့ကျင့်​​ပေးထားသည်​။အစ​ကောင်း​တော့အ​နှောင်း​သေချာသလိုဖြစ်​​နေကြပြီဖြစ်​သည်​။ကျွန်​​တော်​တို့နိုင်​ငံတွင်​​တော့အ​တော့်​ကိုလုပ်​ယူရဦးမည်​ဖြစ်​သည်​။လူကြီးများကိုယ်​တိုင်​ကက​လေးသူငယ်​များအ​ရှေ့တွင်​စည်းကမ်းမဲ့အမှိုက်​ပစ်​သည်​။အတုမြင်​အတတ်​သင်​သည့်​အရွယ်​တွင်​အမှိုက်​ကိုဒီလိုပစ်​လည်းရသည်​ဆိုသည့်​အ​တွေးဝင်​သွားပြီးစည်းကမ်းမဲ့အမှိုက်​ပစ်​ကြ​လေ​တော့သည်​။ကျောင်းများတွင်​အမှိုက်​ပစ်​သည့်​စည်းကမ်းကို​ကျောင်းမှာတွင်​လိုက်​နာ​နေရုံမကပဲ​ကျောင်းပြင်​တွင်​ပါစည်းကမ်းရှိ​စေရန်​​လေ့ကျင့်​​ပေးသင့်​သည်​။ကျွန်​​တော်​တို့နိုင်​ငံ၏အနာဂတ်​သည်​လူငယ်​​တွေ​ပေါ်မှာမူတည်​​နေပြီဖြစ်​သည်​။အားလုံးက၀ိုင်းဝန်းပြုပြင်​​ပေးရမည်​ဖြစ်​သည်​။အမှိုက်​လှည်းပြီးပြီမို့အ​တွေးကိုရပ်​ကာဆိုင်​ထပြန်​၀င်​လာခဲ့သည်​။

@naylinn

Sort:  

You got a 5.99% upvote from @nado.bot courtesy of @naylinn!

Send at least 0.1 SBD to participate in bid and get upvote of 0%-100% with full voting power.

Coin Marketplace

STEEM 0.27
TRX 0.13
JST 0.032
BTC 60986.03
ETH 2921.26
USDT 1.00
SBD 3.57