က​လေးငယ်​တစ်​​ယောက်​အတွက်​ "နတ်​သမီး"

in #wafrica6 years ago

ဟိုး​ရှေး​ရှေးတုန်းက ... ​မွေးဖွားဖို့အတွက်​ အသင့်​ဖြစ်​​နေတဲ့ က​လေးငယ်​​လေးတစ်​​ယောက်​က ဘုရားသခင်​ကို ​​မေးခွန်း​တွေ မေးခဲ့တယ်​။

က​လေးငယ်​။ ။ "​မနက်​ဖြန်​ဆို ကျွန်​​တော်​မျိုးကို ဘုရားသခင်​က လူ့ပြည်​ပို့​တော့မယ်​လို့ ​ပြောသံကြားရပါတယ်​၊ အရမ်း​သေးငယ်​လွန်းပြီး အကူအညီမဲ့​နေမဲ့ဘဝနဲ့ ကျွန်​​တော်​မျိုး အဲ့ဒီမှာ ဘယ်​လိုအသက်​ရှင်​​နေနိုင်​မှာလဲဘုရာ့"

ဘုရားသခင်​။ ။ "မပူပါနဲ့ ချစ်​သား ... နတ်​သမီး​တွေအများကြီးထဲက သင့်​အတွက်​ နတ်​သမီးတစ်​ပါး ကျွနု​ပ်​ရွေးချယ်​​ပေးထားပြီး ဖြစ်​ပါတယ်​၊ သူက အခု သင့်​ကို​စောင့်​​နေပြီး ဂရုစိုက်​​စောင့်​​ရှောက်​​ပေးပါလိမ့်​မယ်​"

က​လေးငယ်​​။ ။ "ဒါ​ပေမဲ့ ဘုရား ... ကျွန်​​တော်​မျိုးက ဒီ​ကောင်းကင်​ဘုံမှာ သီချင်းဆိုတာနဲ့ ပြုံးပြတာပဲလုပ်​တတ်တာ၊ ကျန်​တာဘာမှမတတ်​ဘူး​လေ ဘုရာ့"

ဘုရားသခင်​။ ။ "သင့်​ရဲ့ နတ်​သမီးက သင့်​အတွက်​ သီချင်းဆို​ပေးပါလိမ့်​မယ်​၊ ပြီး​တော့ သင့်​နတ်​သမီးရဲ့အချစ်​ကို သင်​ခံစားမိပြီး ​ပျော်​ရွှင်​လာရပါလိမ့်​မယ်​ ချစ်​သား"

က​လေးငယ်​​။ ။ "ဒါ​ပေမဲ့လည်း အဲ့ဒီကလူ​တွေက ကျွန်​​တော်​မျိုးကို စကားလာ​ပြောရင်​ ဘယ်​လိုလုပ်​ရမလဲဘုရာ့၊ သူတို့ဘာသာစကားကို ကျွန်​​တော်​မျိုး နားမလည်​ဘူး​လေဘုရာ့"

ဘုရားသခင်​။ ။ "ဒါကလွယ်​ပါတယ်​ချစ်​သား ... သင့်​နတ်​သမီးက သင့်​ကို အလှပဆုံးနဲ့ အချိုသာဆုံးစကား​တွေကို စိတ်​ရှည်​ဂရုစိုက်​ပြီး ​ပြောပြပါလိမ့်​မယ်​၊ သင့်​ကို သူသင်​​ပေးပါလိမ့်​မယ်​"

က​လေးငယ်​​။ ။ "ဒါဆို ကျွန်​​တော်​မျိုး အရှင့်​ကို ​ပြောစရာရှိရင်​ ဘယ်​လိုလုပ်​မလဲဘုရာ့"

ဘုရားသခင်​။ ။ "သင့်​ရဲ့နတ်​သမီးက ဘုရားသခင်​ထံ ဘယ်​လိုဆု​​တောင်းစကားဆိုရမလဲဆိုတာ သင်​​ပေးပါလိမ့်​မယ်​"

က​လေးငယ်​။ ။ "ကျွန်​​တော်​မျိုး ကြားဖူးတာရှိတယ်​ဘုရာ့၊ လူ့ပြည်​ကလူ​တွေကအရမ်းဆိုးတယ်​တဲ့၊ ကျွန်​​တော်​မျိုးကို ဘယ်​သူက ကာကွယ်​​ပေးမှာလဲဘုရာ့"

ဘုရားသခင်​။ ။ "သင့်​ရဲ့နတ်​သမီးက သူ့အသက်​ကို စွန့်​လွှတ်​ရမယ်​ဆို​တောင်​ သင့်​ကို ကာကွယ်​​ပေးပါလိမ့်​မယ်​ ချစ်​သား"

က​လေးငယ်​။ ။ "ဒါ​ပေမဲ့ ကျွန်​​တော်​မျိုး အရှင့်​ကိုမ​တွေ့ရလို့ အမြဲဝမ်းနည်း​နေရမှာပါပဲဘုရား"

ဘုရားသခင်​။ ။ "ကျွန်ုပ်​အ​ကြောင်း​တွေ သင့်​ရဲ့နတ်​သမီးက သင့်​ကို ​ပြောပြပါလိမ့်​မယ်​၊ ပြီး​တော့ ကျွန်ုပ်​ဆီ ဘယ်​လိုပြန်​လာရမလဲဆိုတာပါ သင်​​ပေးပါလိမ့်​မယ်​၊ ကျွနု​ပ်​ကလည်း သင့်​အနား အမြဲရှိ​နေပါတယ်​"

က​လေးငယ်​။ ။ "အို အရှင်​သခင်​ ... ကျွန်​​တော်​မျိုး ​မေ့​လျော့​မိတော့မလို့၊ မနက်​ဖြန်​ဆို ကျွန်​​တော်​မျိုး လူ့ပြည်​ကို သွားရပါ​တော့မယ်​၊ ဒါ​ကြောင့်​ကျွန်​​တော်​မျိုးရဲ့ နတ်​သမီး​နာမည်​ သိချင်​ပါတယ်​ဘုရား"

ဘုရားသခင်​။ ။ "သူရဲ့နာမည်​ ဘယ်​သူဘယ်​ဝါဖြစ်​တယ်​ဆိုတာ အ​ရေးမကြီးပါဘူး ချစ်​သား၊
အ​ရေးကြီးတာက သူ့ကို သင်​ 'အ​မေ'လို့ ​ခေါ်ရမယ်​ဆိုတာပါ"
image
"အ​မေ"ဆိုတဲ့ အ​နွေး​ထွေးဆုံး ကြင်​နာတတ်​ဆုံး နတ်​သမီး​တွေကို ဂုဏ်​ပြုရင်း ...
ချစ်​ခြင်းများစွာဖြင့်​ ...
Yadanar Poekyuu

Sort:  

Try Our Service Befre Buy🎁

  • Exclusive 30 days free upvotes to your every new post.
  • Limited Time Offer
  • No need to send any kinds of steem or sbd its full free service.
  • GET 0.1 STEEM FREE FOR JOIN (for limited time)
    we have paid service too so please check them too. Active the free upvote service and learn more about it here :
    JOIN NOW CLICK HERE / http://nullrefer.com/?https://t.co/gZQWq2qxod

Hello! I find your post valuable for the wafrica community! Thanks for the great post! @wafrica is now following you! ALWAYs follow @wafrica and use the wafrica tag!

Congratulations! This post has been upvoted from the communal account, @minnowsupport, by yadanarpoekyuu from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, theprophet0, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.

Coin Marketplace

STEEM 0.28
TRX 0.13
JST 0.032
BTC 65999.51
ETH 3019.75
USDT 1.00
SBD 3.71