တစ်ခြမ်းပဲ့ သိက္ခာ

in #writing6 years ago

professeur-30234.jpg

ကျောင်းအုပ်ဆရာကြီး ဦးမြ အိမ်ကထွက်တော့မယ်ဗျ

သမီးက ထမင်းချိုင့်လေး ယူလာပေးပြီး

“ဖေဖေ … ထမင်းလည်း ကုန်အောင်စား၊ ငှက်ပျောသီးလည်းထည့်ပေးထားတယ်။ ထမင်းစားပြီး ဆေးလည်း သောက်ဦးနော်”

“အေးပါ သမီးရယ်”

“ဖေဖေ … ဖေဖေ့ကို ကန်တော့ပါတယ်”

“အိမ်း … သာဓု … သာဓု … သာဓု”

အဲဒီအချိန်မှာ ဆရာကတော်က ဆရာကြီးရဲ့ လွယ်အိတ်လေး ယူလာပေးပြီးတော့

“ကိုမြ … လမ်းတွေဘာတွေကူးရင် သတိထား၊ ကားသိပ်ကျပ်နေရင် မစီးနဲ့နော် … မူးနေဦးမယ်”

“အေးပါကွာ … မင်းတို့က ငါ့ကို ကလေးလေး ကျနေတာပဲ”

ဆရာကြီးဦးမြ အိမ်ကထွက်လာပြီဗျ

လမ်းထိပ်ဓမ္မာရုံရှေ့ရောက်တော့

“ဆရာကြီးရေ ညကျရင် အစည်းအဝေးလေး တက်ပါဦး။ သင်္ကြန်မှာ စတုဒီသာကျွေးဖို့လေး ဆွေးနွေးကြရ အောင် … ည ၇ နာရီနော်”

“အေးကွာ … လာရမှာပေါ့”

“ကလင် … ကလင် … ကလင်”

နောက်လှည့်ကြည့်လိုက်တော့ တပည့် မောင်သောင်း

“ဆရာကြီး သားဆိုက္ကားပေါ်တက် … ကားဂိတ်အထိ လိုက်ပို့ပေးမယ်”

“နေပါစေ မောင်သောင်းရာ … သွားပါ”

“မဟုတ်တာ ဆရာကြီးရာ … တက်ပါ … ဆရာကြီးကြောင့် သား ဒီဆိုက္ကားလေး ပိုင်ခဲ့တာပါ”

ကားဂိတ်ကိုရောက်တော့ ဆရာမြ တစ်နာရီလောက်ကားအလာ စောင့်ရတယ်။ ကားတွေက ရုံးချိန် ကျောင်းချိန်ဆိုတော့ ကျပ်တာပေါ့။ မတတ်နိုင်ဘူး တိုးစီးရတော့တာပဲ

“ဟို … လွယ်အိတ်နဲ့ ဦးလေးကြီး ကိုးရိုးကားယား ရပ်မနေနဲ့လေ … ရှေ့တိုး … ရှေ့တိုးစမ်းပါ … ရှေ့မှာ မြွေမရှိပါဘူး”

ဆရာမြ ဆက်တိုးလို့မရတော့တဲ့အထိ အားစိုက်တိုးနေချိန်မှာ

“ကဲ … ကဲ … မတိုးတတ်ရင် တိုးပေးမယ် … လာပြီ”

ကားစပယ်ယာရောက်လာပြီး အတင်းတွန်းထိုးထည့်သွားတယ်။ အသက်ကို ဘယ်လို ရှူရမှန်းမသိ ဖြစ်နေချိန်မှာ

“ကဲ … ကားပေါ်ရောက်လည်း မသိချင်ယောင် ဆောင်မနေကြနဲ့ … ပိုက်ဆံလေး နှစ်ရာနဲ့ နောက်ဘဝ သူများ ဆီမှာ ကျွန်လာမခံကြနဲ့”

ဆရာမြက ၅၀၀ ကျပ်တန်လေးကို ပေးလိုက်တယ်။ စပယ်ယာက ဟိုပြော … သည်ပြော … ပိုက်ဆံ ပြန်မအမ်း သေးဘူး။ ဒီလိုနဲ့ ဆင်းရမယ့် နေရာနား ရောက်ခါနီးတော့

“စပယ်ယာလေး … ပိုက်ဆံ ၅၀၀ ပေးထားတယ် … ပြန်အမ်းရဦးမယ်”

“ဘယ်က ၅၀၀ လဲ … လက်ထဲမှာ ၅၀၀ တန် တစ်ရွက်မှ မရှိဘူး … မရှိရင်လည်း ပြောစီးသွား … အကြံအဖန် တော့ မလုပ်နဲ့ … ငွေ ၅၀၀ တန်ဖိုးမရှိဘူး”

ဆရာမြ ဘာပြောရမှန်းလည်း မသိတော့ဘူး။ ကားပေါ်ကနေ အထင်သေးတဲ့ မျက်လုံးနဲ့ကြည့်သွားတဲ့ စပယ်ယာရဲ့ မျက်လုံးထဲမှာ သူဟာ တစ်ပြားမှ မတန်တော့ဘူး။

ကျောင်းရှေ့ရောက်တော့ ကလေးတွေ ပြေးထွက်လာတယ်။

“ဆရာကြီးလာပြီ … ဆရာကြီးလာပြီ”

လွယ်အိတ်လာယူသူကယူ၊ ထမင်းချိုင့် လာယူသူကယူ။ ဆရာမလေးတွေကလည်း

“မင်္ဂလာပါဆရာကြီး” လို့နှုတ်ဆက်

ဘာလဲကွ

ဆရာမြဆိုတာ အိမ်နဲ့ကျောင်းမှာသာ ဆရာကြီး

ဘတ်စ်ကားပေါ်မှာတော့

ဘတ်စ်ကားပေါ်မှာတော့

Sort:  

This post received a $0.011 (4.85%) upvote from @upvotewhale thanks to @banyar! For more information, check out my profile!

This post has received a 3.13 % upvote from @speedvoter thanks to: @banyar.

This post has received a 1.04 % upvote from @drotto thanks to: @banyar.

This post has received a 1.53% upvote from thanks to: @banyar!!!
For more information, click here!!!!

If you use our Robot before your post has 1 day and get an Upvote greater than 1%, you will automatically receive Upvotes between 1% and 10% as a bonus from our other robots.

Do you know, you can also earn passive income after every bidding round simply by delegating your Steem Power to @minnowhelper?
you can delegate by clicking following links: 10 SP, 100 SP, 500 SP, 1000 SP or Another amount

Coin Marketplace

STEEM 0.28
TRX 0.13
JST 0.032
BTC 61372.42
ETH 2928.56
USDT 1.00
SBD 3.66