အချစ်နဲ့ဘဝ

in #writing8 years ago

လူတိုင်း လူတိုင်းသည် အချစ်နဲ့တွေ့ဆုံစမြဲဖြစ်ကြသည်။ မတွေ့ဘူးသူမရှိ တစ်ကြိမ်တစ်ခါတော့ တွေ့ဖူးစမြဲပါ။ အချစ်ကြောင့် ခွန်အား သစ် တွေရသလို အချစ်ကြောင့် ကြေကွဲဝမ်းနည်းကြ သူများလည်း၇ှိကြပါတယ်။ အချစ် (၂) မျိုးရှိတယ်။ ပထမ အချစ်.......တစ်ချို့တွေက အချစ်ကို စဉ်းမျဉ်းလေးတွေနဲ့ ချစ်ကြတယ် စဉ်းမျဉ်းထားတဲ့ အချစ်ဆိုတာကတော့ ချစ်တော့ချစ်တယ် အလိုမလိုက်ဘူးပေါ့။ ပြီးတော့ အချစ်ကို အချိန်ကန့်သတ်နဲ့ ချစ်တာမျိုးပေါ့။ အချစ်နဲ့တွေ့ ဆုံချိန် အချစ်အတွက် အရာရာအားလုံးဖြစ်သလို ..... အလုပ်အချိန်မှာလည်း အချစ်ကို မတွေးဘဲ အလုပ်လုပ်နိုင်သူပေါ့ ။ ဒီလိုသူ တွေက လေးစားဖို့ကေင်းပါတယ်။ အချစ်နဲ့ကိုယ်ရေး ကိုယ်တာ ပိုင်းခြားနိုင်စွမ်း၇ှိတာပေါ့ ။ ဒီလိုအချစ်ပိုင်၇ှင်တွေဟာ သစ္စာဖောက်ဖျက်ခံရရင်တောင် ကိုယ့်ဘ၀ကိုပြန်တည်ထောင်နိုင်တယ်။

love-1.jpg
Image Source: http://hallelujah.co.ke/bible-verses-love/

ဒုတိယ အချစ်တစ်မျိုးကတော့ အချိန်တိုင်းအချစ်နဲ့ပဲ နေချင်တာ တစ်ချိန်လုံး အချစ်အကြောင်းပဲတွေးနေတဲ့ အချစ်မျိုးပေါ့။ ချစ်သူနဲ့ မတွေ့ရ တဲ့အချိန်တွေတောင် တစ်ယောက်တည်း အတွေးတွေနဲ့ အချိန်ကုန်တဲ့ အချစ်မျိုးပေါ့ ဒီလို အချစ်ကိုတော့ သိပ်အားမပေးချင်ဘူး။ ဒါပေမယ့် တစ်ချို့သော သူတွေက င်္ဒီလိုအချစ်မျိုးကို ပိုင်ဆိုင်ချင်ကြတယ်။ ဒီလိုအချစ်ပိုင်ရှင်တွေဟာ ချစ်သူနဲ့ လမ်းခွဲရရင် (သို့) ချစ်သူဆီက သစ္စာဖောက်ဖျက်မှု ခံရရင် ကိုယ့်ကိုကိုယ် အဆုံးစီရင်မှုတွေ လုပ်ကြတာပေါ့ ။ အချစ်လည်း ကြီးချသလို အမျက်လည်းကြီးတတ် တာပေါ့။

What-are-the-5-Love-Languages.jpg
Image Source: http://ljubki-nesmisel.si/2017/09/25/rad-te-imam-rad/

ဒါကြောင့် အချစ်တွေဟာ လူတိုင်းနဲ့တော့ တွေ့ဆုံကြမှာပဲ။ သို့ပေမယ့်လည်း ချစ်တတ်ဖို့လိုတာပေါ့နော်။ ဒါကြောင့် ချစ်လည်းချစ်ကြပါ။ ဘ၀နဲ့ရွေးချယ်ရမယ်ဆိုရင်တော့ နောင်တလေးတွေ မရကြရအောင် သေသေချာချာ ဆုံးဖြတ်ကြပါလို့ မှာချင်ပါတယ်။

Coin Marketplace

STEEM 0.04
TRX 0.33
JST 0.093
BTC 64152.83
ETH 1803.66
USDT 1.00
SBD 0.39