ဘဝ

in #writing6 years ago

သူငယ်​ချင်း မင်းရှုံးနိမ့်​မှု​တွေ​နဲ့ကြုံ​တွေ့​နေရလို့ကိုယ့်​ဘဝ​ကိုစိတ်​ပျက်​​နေတာလား အားငယ်​​နေတာလား
မင်းဒီလိုစိတ်​ပျက်​​နေတဲ့အချိန်​၊အားငယ်​​နေတဲ့အချိန်​မှာမင်းကိုမှီခိုအားကိုး​နေရတဲ့မင်းမိသားစု​တွေဘယ်​လိုအသက်​ရှင်​​နေထိုင်​ရမှာလဲ မင်းမိဘ​တွေကိုဘယ်​သူရှာ​ဖွေ​ကျွေး​မွေးပြုစုမှာလဲ

မင်း​လောကကြီးကိုဒီလိုပဲအရှုံး​ပေးလိုက်​​တော့မှာလား မင်းမိဘ​တွေမင်းကို​မွေးဖွား​ပေးလိုက်​တာ ​လောကကြီးကိုဒူး​ထောက်​အရှုံး​ပေးခိုင်းဖို့မှမဟုတ်​တာ
အရှုံးဆိုတာ ကိုယ်​ကလက်​ခံလိုက်​မှရှုံးတာပါ
ကိုယ်​ကလက်​မခံသ၍ဘယ်​​​လောက်​ပဲအရှုံး​တွေနဲ့ရင်​ဆိုင်​​နေ၇ပါ​စေအဲဒီအရှုံး​တွေကကိုယ့်​ကိုဘယ်​လိုမှမယိုင်​လဲ​စေနိုင်​ပါဘူး

ပြေးပါမင်းလိုချင်​တဲ့ပန်းတိုင်​ဆီကို​ပေါ့ ​ပြေးလို့​မောရင်​ ​သွက်​သွက်​​လေးလျှောက်​ပါ ​သွက်​သွက်​​လေးလျှောက်​​လို့​ညောင်းရင်​ ​ဖြေး​ဖြေးချင်း​လျှောက်​ပါ အဓိကက​လျှောက်​​နေဖို့ပဲမဟုတ်​လား ထိုင်​​တော့ထိုင်​မ​နေပါနဲ့

မင်းထိုင်​​နေတဲ့အချိန်​သူများ​တွေ​ကျော်​တက်​သွားလိမ့်​မယ်​ ​လောကကြီးမှာမင်းတစ်​​ယောက်​တည်းဘဝကိုရုန်းကန်​ကြိုးစား​ပြီးရှင်​သန်​နေရတာမဟုတ်​ဘူးဆိုတာမင်းမ​မေ့ပါနဲ့
image

Coin Marketplace

STEEM 0.27
TRX 0.13
JST 0.032
BTC 61763.08
ETH 2899.43
USDT 1.00
SBD 3.49