Me and Sleep
လူတယောက်လျှင် အိပ်ချိန် မည်မျှ ဆိုလျှင် လုံလောက်မည်နည်း။ အများအားဖြင့် (၈) နာရီဟု ဆိုပေမယ့် အရွယ်ရောက်ပြီးသူ တယောက်အဖို့ အိပ်ချိန် (၈) နာရီက မလိုအပ်ပေ။ (၈) နာရီ အိပ်ရအောင်လည်း အားလပ်ချိန်၊ အနားယူချိန် လုံလုံလောက်လောက် ရှိမည် မထင်ပါ။ ပြောင်းလဲလာသော ခေတ် စနစ်၊ နေထိုင်မှု ပုံစံများ အရ အိပ်ချိန် (၈) နာရီ ပြည့်ဖို့က တကယ် မလွယ်သည့်၊ မဖြစ်နိုင်သည့် ကိစ္စ တခုပင်။ လုပ်ငန်း ကိစ္စ များမြောင်သူ အဖို့ အိပ်ချိန် (၈) နာရီ ပြည့်ဖို့က မည်သည့် နည်းနှင့်မျှ မဖြစ်နိုင်ပေ။ ထိုကဲ့သို့သော လူမျိုး အတွက်လည်း အိပ်ချိန် (၈) နာရီက တကယ်တမ်း မလိုအပ်လှပေ။
ယနေ့ ခေတ် လူငယ် လူရွယ် များ အနေဖြင့် အိပ်ချိန် (၈) နာရီ ပြည့်ဖို့သည် မဖြစ်နိုင်ဆုံး သော ကိစ္စရပ်ပင် ဖြစ်၏။ မရှိလို့တော့ မဆိုလို၊ ရှိတော့ ရှိသည် နည်းပေလိမ့်မည်။ မည်သည့် အလုပ်မှ လုပ်စရာ မရှိသော သူမျိုးများမှပဲ အိပ်ချိန် (၈) နာရီ ရပေလိမ့်မယ်။ ဒါတောင် ဘာအလုပ်မှ မလုပ်ပေမယ့် ဂိမ်းဆော့ကစား တတ်သူ ဖြစ်နေပါက သူ့အိပ်ချိန်သည် မည်သည့် နည်းနှင့်မျှ (၈) နာရီ မပြည့်နိုင်ပေ။ အလုပ် လုပ်နေသူ တယောက်အဖို့လည်း အိပ်ချိန် (၈) နာရီ ပြည့်ဖို့သည် လုံးဝ မဖြစ်နိုင်သည့် ကိစ္စမျိုးတော့ မဟုတ်ဘဲ တခါတလေ အားလပ်ရက်၊ အနားရသည့် ရက်မျိုးများတွင်တော့ ဖြစ်နိုင်၏။
အခြား သူများတော့ မသိပေ။ ကျနော့် အိပ်ချိန်ကတော့ (၆) နာရီနှင့် (၇) နာရီကြားတွင် ရှိ၏။ ပိတ်ရက်လို ရက်မျိုးများတွင်တော့ ကျနော့် အိပ်ချိန်သည် (၈) နာရီ ထိရှိ၏။ တခါတလေ (၈) နာရီ ကျော်သွားလေ့ ရှိ၏။ ပိတ်ရက်များတွင် နှိုးစက် မပေးထားဘဲ အိပ်လေ့ ရှိသဖြင့် အမေ သို့မဟုတ် အမက နှိုးမှသာ အိပ်ရာက ထလေ့ ရှိ၏။ ထို့ကြောင့် ပိတ်ရက်များသည် ကျနော် သိပ်ပြီး နှစ်သက်သည့် ရက်များ ဖြစ်နေလေ့ ရှိ၏။
အိပ်ရာဝင် နောက်ကျလေ့ ရှိသော ကျနော့် အဖို့ အိပ်ချိန် ပြည့်မှီရေး ကိစ္စသည် သိပ်လည်း မလွယ်လှသလို၊ သိပ်လည်း မခက်လှပေ။ ည (၁) နာရီ၊ (၂) နာရီလောက်နေမှ အိပ်ပြီး မနက်ကို (၈) နာရီခွဲ ထလေ့ ရှိ၏။ ထို့ကြောင့် ကျနော့် အိပ်ချိန်သည် ပျမ်းမျှအားဖြင့် (၆) နာရီနှင့် (၇) နာရီ ကြား ရှိနေခြင်း ဖြစ်၏။ ထို အိပ်ချိန် ပမာဏသည် အခြားသူများအတွက် မသိပေမယ့် ကျနော့် အတွက်တော့ လုံလောက်ပြီ ဖြစ်၏။ တခါတလေ သိပ်ပြီး ပင်ပန်းသွားသည့် ရက်မျိုး၊ သွေးလှူဒါန်း ဖြစ်သည့် ရက်မျိုး၊ ဖျားနာနေသည့် ရက်မျိုး ဆိုလျှင်တော့ သာမန်ထပ် ပိုပြီး အိပ်ဖြစ်လေ့ ရှိ၏။
ထို ရက်မျိုးတွေက မဖြစ်မနေကို အိပ်ဖို့ လိုသည်ကိုး။ တချို့က ကျနော့်ကို ညနက်မှ အိပ်သဖြင့် အိပ်ရေး မ၀ဟု အထင် ရှိကြလေ့ ရှိ၏။ ညဖက် အိပ်ရာဝင် နောက်ကျပေမယ့် မနက်ဖက် အိပ်ရာထကလည်း နောက်ကျသည် မဟုတ်လား။ ကျနော့် အချိန်ဇယားနှင့် ကျနော်ကတော့ ကိုက်နေသည် မဟုတ်လား။ သို့သော်လည်း မည်သို့ပင် ဆိုစေကာမူ စောစောအိပ် စောစော ထသည့် အလေ့အကျင့်ကတော့ ပိုပြီး ကောင်းသည် မဟုတ်လား။ လောလောဆယ်တော့ ထို စောစောအိပ် စောစောထ သီအိုရီသည် ကျနော့် အတွက် သက်သေပြရန် ခက်ခဲနေသေးသည့် ပုစ္ဆာ တပုဒ် အဖြစ် ရှိနေသေးလေတော့၏။
Don Jaun
MSC 31
Congratulations @donjaun! You have completed the following achievement on the Steem blockchain and have been rewarded with new badge(s) :
You can view your badges on your Steem Board and compare to others on the Steem Ranking
If you no longer want to receive notifications, reply to this comment with the word
STOP
To support your work, I also upvoted your post!
Vote for @Steemitboard as a witness to get one more award and increased upvotes!