ဘဝတ​ကွေ့ဝယ်​(၃)

in #myanmar6 years ago

လူ့ဘဝသည်​အ​ကွေ့အ​ကောက်​လွန်​စွာများလှ​ပေသည်​။အ​ကွေ့အ​ကောက်​အဆစ်​အချိုးများစွာထဲတွင်​ကျွန်​မ၏
ဘဝလည်းအပါအဝင်​ပင်​ဖြစ်​ပါသည်​။မထင်​မှတ်​သည့်​အချိုးအ​ကွေ့များစွာအား​ပေးတတ်​ပါသည်​။ကြမ်းတမ်းမည်​ထင်​မှတ်​မိ​သော်​လည်း​ချော​မွေ့မှူကို​ပေးတတ်​သည်​။အစစအရာရာအဆင်​​ပြေ​ချော​မွေ့မည်​ထင်​​သော်​လည်းခက်​ခဲ ကြမ်းတမ်းမှူကို​ပေးတတ်​သည်​မှာဘဝဟုပင်​အဓိပ္ပာယ်​ဖွင့်​ဆိုနိုင်​​ပေသည်​။
ထို့အတူကျွန်​မ၏ဘဝသည်​လည်းအ​ကွေ့အ​ကောက်​အချိုးအ​ကွေ့​လေးများဖြင့်​မထင်​မှတ်​​သော​လောကဓံ
အမျိုးမျိုးကိုကြုံ​တွေ့ခဲ့ရ​လေသည်​။အသက်​၁၇နှစ်​ဘဝမှာ
ပင်​မိဘ၂ပါးထဲမှမိခင်​ကြီးဆုံးပါးသွားခဲ့ရသည်​။၎င်း​အချိန်​​နောက်​ပိုင်း၌လည်း​ဆိုးရွား​သော​လောကဓံတရား
များနှင့်​ကြုံ​တွေ့ခဲ့ရပါသည်​။
ချစ်​​သောသူများနှင့်​ရှင်​ကွဲကွဲ​နေ​ရ​သောဘဝမျိုး၌​နေထိုင်​ခဲ့
ရသည်​။တခြားသူများမိဘ၊ဘိုးဘွား၊ဦး​လေး၊အ​ဒေါ်စုံလင်
စွာ​နွေး​ထွေးမှူရ​သောဘဝများအားအားကျခဲ့ရသည်​။ဘဝ၌ချစ်​​သောအဘိုးနှင့်​​ရှင်​ကွဲကွဲ​နေရသည့်​ခံစားမှူသည်
အဆိုးဆုံးခံစားမှူဖြစ်​ခဲ့သည်​။တိ​တ်​တဆိတ်​အကြိမ်​ကြိမ်​ငို​ကြွေးခဲ့ရ​ပါသည်​။
မိမိ၏ဘဝ၌ဖခင်​၏ခံစားချက်​သည်​ပထမဦးစား​ပေးသာ
ဖြစ်​ခဲ့သည်​။မိမိသည်​ငယ်​စဉ်​ကတည်းကဖခင်​အ​ပေါ်မည်​မျှပင်​ဆိုးနွဲ့ခဲ့​စေကာမူဖခင်​၏ဆန္ဒသည်​သာဦးစား​ပေးခဲ့ပါ
သည်​။ဖခင်​သည်​သာပထမဖြစ်​ခဲ့ပါသည်​။
မိမိမည်​မျှဝမ်းနည်း​ကြေကွဲရပါ​စေ။ဖခင်​ကြီးစိတ်​ချမ်းသာ
လျှင်​မိမိ​ကျေနပ်​ရပါသည်​။ဤအတွက်​လည်း​နောင်​တမရပါ။
အဘိုးအားစိတ်​ပူမှူနှင့်​​နေ့စဉ်​ငို​ကြွေးခဲ့မိ​သောမိမိအားဝမ်းသာ​စေမည့်​သတင်း​ကောင်းတစ်​ခုအားမိခင်​၏အမျိုး
တစ်​​ယောက်​မှယူ​ဆောင်​လာ​ပေးခဲ့ပါသည်​။အဘိုးကျန်းမာစွာဖြင့်​​ဆေးရုံမှဆင်းသွားပြီဟူသည့်​သတင်းဖြစ်​​ပေ
သည်​။ထို့​ကြောင့်​ပူ​ဆွေးမှူများ​ပြေ​ပျောက်​ခဲ့​ပေသည်​။
မိမိ၏မျက်​နာရိပ်​မျက်​နှာကဲအားအ​ဖေသည်​အရိပ်​တကြည့်​ကြည့်​ဖြင့်​ရှိ​နေခဲ့သည်​။၅ရက်​ကြာထိစကား
မ​ပြောနိုင်​​လောက်​​အောင်​စိတ်​​ကောက်​ခဲ့ကြ​သောမိမိ
တို့သားအဖ၏ဆက်​ဆံ​ရေးပြန်​လည်​​ကောင်းမွန်​လာခဲ့
ပြီးပုံမှန်​ပြန်​ဖြစ်​သွားခဲ့သည်​။
မိမိတို့မိသားစုမုန်​တိုင်းကင်းစင်​၍ရာသီဥတုသာယာ
ကြည်​လင်​ခဲ့ပြီးမကြာ​သောအချိန်​တွင်​ပင်​မုန်​တိုင်းထန်
ခဲ့ပါသည်​။မိမိ၏ဖခင်​သည်​​ချောင်းဆိုး၍အပြင်းအထန်​ဖျား
ပါ​တော့သည်​။
ထိုအခါဖခင်​၏မိတ်​​ဆွေဆရာဝန်​မှအိမ်​သို့ကြွ​ရောက်​၍
ကြည့်​ရှူ့ ​ပေးခဲ့သည်​။၎င်းဆရာဝန်​မှဖခင်​သည်​ အဖျားတာ
ရှည်​​နေခြင်းမှာငှက်​ဖျား​ရောဂါ​ဖြစ်​​နေ၍ဟုဆိုကာ
ငှက်​ဖျား​ဆေးများ​ပေး​သော်​လည်းဖခင်​မှာသက်​သာခြင်း
မရှိခဲ့​ပေ။ထို့​ကြောင့်​မိမိတို့​မောင်​နှမနှစ်​​ယောက်​ရပ်​ကွက်
ထဲရှိအဆုတ်​အထူးကုဆရာဝန်​အား​ပြောင်း၍ပြရပါ​တော့
သည်​။
ထိုဆရာဝန်​ကြီးမှဖခင်​၏အဆုတ်​အားဓာတ်​မှန်​ရိုက်​ခိုင်းပါသည်​။ဆရာဝန်​မှမိမိ၏ဖခင်​သည်​အဆုတ်​၌အ​ပေါက်​ဖြစ်​​နေ​ကြောင်း၊သာမာန်​တီဘီ​ရောဂါသည်​များမှအဆုတ်​တွင်​စ​ပေါ့​လေးများသာ​တွေ့​ကြောင်း၊ဖခင်​၏အဆုတ်​မှအ​ပေါက်​အားကြိုးစား၍ကုသမည်​။သို့​သော်​အ​ပေါက်​ကြီးပိတ်​မည်​မပိတ်​မည်​ကိုအာမမခံ​ကြောင်း​ပြောပြပါ
သည်​။မိမိသည်အ​ဖေသည်​​မောင်​​လေး​ရှေ့၌ဘာမှမဖြစ်
သလိုကြိုးစားကာဟန်​​ဆောင်​၍​နေခဲ့ရပါသည်​။
အိပ်​မ​ပျော်​​သောညများများခဲ့သည်​။မိမိဘဝ၌မိဘ၂ပါးမှ
မိခင်​သည်​ငယ်​ငယ်​ရွယ်​ရွယ်​ဖြင့်​ဆုံးပါးခဲ့သည်​။ဖခင်​သာ
ထပ်​၍လက်​လွှတ်​ဆုံးရူံှးခဲ့ရလျှင်​ဆိုသည့်​အ​တွေးဖြင့်​စိ​တ်​ဖိစီးမှူများစွာဖြင့်​​နေခဲ့ရသည်​။မိမိ၏ရင်​ဘတ်​တစ်​ခုလုံးထို
အ​တွေး​ကြောင့်​မခံမရပ်​နိုင်​​လောက်​​အောင်​​အောင့်​၍နာကျင်​သည့်​​ဝေဒနာခံစားရလာပါ​တော့သည်​။
သို့​သော်​လည်​အပူရုပ်​ကိုဟန်​လုပ်​၍သာ​နေခဲ့ရသည်​။မိမိ၏ဖခင်​သည်​လည်းထိုမျှ​လောက်​​ရောဂါဖြစ်​​သော်
လည်းသက်​သာစပြုသည့်​အချိန်​မှစ၍၎င်း၏လုပ်​ငန်းများအားပြန်​၍လုပ်​ကိုင်​​နေ​လေ​တော့သည်​။မိမိ၏ဖခင်
သည်​အစိုးရလခစားဝန်​ထမ်းဖြစ်​ခဲ့သည်​။လာဘ်​လာဘ
လွန်​စွာရ​သော​နေရာတစ်​ခု၌​ရောက်​ရှိခဲ့​သော်​လည်းလခမှလွဲ၍မယူခဲ့​ပေ။ထို့​ကြောင့်​ဖခင်​ကြီးမှာရုံးအလုပ်​အပြင်​အားလပ်​ချိန်​၌အပြင်​စီးပွား​ရေးလုပ်​ငန်းများအား
ကြိုးစား၍လုပ်​ကိုင်​ခဲ့ရသည်​။
ဤသို့ဖြင့်​စိုးတထိတ်​ထိတ်​​ဖြင့်​​နေခဲ့ရာသုံးလကြာ​သော
အခါ၌ဆရာဝန်​မှဓာတ်​မှန်​ပြန်​ရိုက်​​ဆေးစစ်​ခိုင်းခဲ့​လေ
သည်​။ဆရာဝန်​၏ပါးစပ်​မှဖွင့်​အန်​လာမည့်​စကားသံအား
ရင်​တထိတ်​ထိတ်​ဖြင့်​နားစွင့်​​နေခဲ့သည်​။ထို​စောင့်​​နေ
ရ​သောခဏတာအချိန်​​လေးသည်​မိမိဘဝ၌အရှည်​ကြာဆုံးကာလတခုဖြစ်​ခဲ့ပါသည်​။
ဖခင်​၏အဆုတ်​သည်​အ​ခြေအ​နေ​ကောင်းလာပြီ၊။အဆုတ်​မှအ​ပေါက်​သည်​မူလအတိုင်းပြန်​​ကောင်းလာနိုင်
သည်​ဟူ​သောစကားကိုကြား​သောအချိန်​သည်​ကားဘဝတွင်​​ဖော်​မပြနိုင်​​လောက်​​အောင်​ဝမ်းသာကြည်
နူးခဲ့ရသည့်​အချိန်​ခဏ​လေးဖြစ်​ခဲ့ပါသည်​ဟု​​​ရေးသားရင်း
ဖြင့်​ဘဝတ​ကွေ့ဝယ်​အပိုင်း(၃)အားနိဂုံးချုပ်​ပါသည်​။
အိအိခိုင်​​ရေးသားသည်​။
MSC No.173.

image

Credited image from https://www.pexels.com/photo/adult-affection-baby-beautiful-236220/

Sort:  

အဖေချစ်တဲ့သမီးလေးပေါ့နော်။အရမ်းကောင်းတဲ့အရေးအသားလေးတွေပါကွယ်။ဖိုက်တင်းမမ။

ဟုတ်​ကဲ့။အား​ပေးလို့​ကျေးဇူးပါအစ်​ကိုကြီး။အစ်​ကိုကြီးပိုပြီးskillကျွမ်းပါတယ်​ရှင့်​။

လူတိုင်း အဆိုးနဲ့အကောင်း အခက်အခဲကိုယ်စီနဲ့ပါ အားတင်းထားပါဗျာ...

တကယ့်ဘဝ..အမှန်ဆိုတော့၊စိတိထဲမကောင်းဘူးကွယ်။
ဒီလိုပါဘဲသမီးရေ...။ကိုယ့်ထက်ပိုဆိုးတဲ့ဘဝတွေကိုကြည့်ပီး...ဖြေသိမ့်ပါနော်။အတိတ်ရဲ့အကြောင်းတရားတွေပေါ့။
စိတ်ဓာတ်ကျစရာမလိုဘူးနော်။

ဟုတ်​ကဲ့။အား​ပေးတာ​ကျေးဇူးတင်​ပါတယ်​ရှင်​။

အခအ​ဖေကကျန်းမာေ၇း​ကောင်းသွားပီလားအမ

အစ်​မအ​ဖေကဆုံးသွားတာကြာပါပြီကွယ်​။

အခက်အခဲတွေနဲ့ ရုန်းကန်နေရတာကိုက ဘဝလို့ ခေါ်ပါတယ် ညီမရေ ဖိုက်တင်းပါနော် ဘယ်လိုအခြေအနေဖြစ်ဖြစ် အားမလျော့ပါနဲ့

ဟုတ်​ကဲ့မမ

ကျန်ရှိတဲ့ဘဝတစ်လျှောက်လုံး စိတ်ချမ်းသာကိုယ်ကျန်းမာရှိပါစေ

ဟုတ်​ကဲ့​ကျေးဇူးပါရှင်​။

အရေးသားကလည်း ကောင်းပေါ့ဗျာ။ဝတ္ထုတစ်ပုတ်ဖတ်နေရသလိုပဲ။

ဟုတ်​ကဲ့။ကျေးဇူးတင်​ပါတယ်​ကိုမြင့်​​ရေ။

အားပေးခဲ့ပါတယ်

ဟုတ်​ကဲ့​ကျေးဇူးပါရှင်​။

အမ ဘဝအ​ကြောင်း​လေး​တွေလားအမ

ဟုတ်​ပါ့

ဘဝအတွေ့ကြုံတွေပေါ့နော်

ဟုတ်​ကဲ့ရှင့်​။

Coin Marketplace

STEEM 0.30
TRX 0.12
JST 0.033
BTC 63332.97
ETH 3169.28
USDT 1.00
SBD 3.89