ဘဝတကွေ့ဝယ်(၃)
လူ့ဘဝသည်အကွေ့အကောက်လွန်စွာများလှပေသည်။အကွေ့အကောက်အဆစ်အချိုးများစွာထဲတွင်ကျွန်မ၏
ဘဝလည်းအပါအဝင်ပင်ဖြစ်ပါသည်။မထင်မှတ်သည့်အချိုးအကွေ့များစွာအားပေးတတ်ပါသည်။ကြမ်းတမ်းမည်ထင်မှတ်မိသော်လည်းချောမွေ့မှူကိုပေးတတ်သည်။အစစအရာရာအဆင်ပြေချောမွေ့မည်ထင်သော်လည်းခက်ခဲ ကြမ်းတမ်းမှူကိုပေးတတ်သည်မှာဘဝဟုပင်အဓိပ္ပာယ်ဖွင့်ဆိုနိုင်ပေသည်။
ထို့အတူကျွန်မ၏ဘဝသည်လည်းအကွေ့အကောက်အချိုးအကွေ့လေးများဖြင့်မထင်မှတ်သောလောကဓံ
အမျိုးမျိုးကိုကြုံတွေ့ခဲ့ရလေသည်။အသက်၁၇နှစ်ဘဝမှာ
ပင်မိဘ၂ပါးထဲမှမိခင်ကြီးဆုံးပါးသွားခဲ့ရသည်။၎င်းအချိန်နောက်ပိုင်း၌လည်းဆိုးရွားသောလောကဓံတရား
များနှင့်ကြုံတွေ့ခဲ့ရပါသည်။
ချစ်သောသူများနှင့်ရှင်ကွဲကွဲနေရသောဘဝမျိုး၌နေထိုင်ခဲ့
ရသည်။တခြားသူများမိဘ၊ဘိုးဘွား၊ဦးလေး၊အဒေါ်စုံလင်
စွာနွေးထွေးမှူရသောဘဝများအားအားကျခဲ့ရသည်။ဘဝ၌ချစ်သောအဘိုးနှင့်ရှင်ကွဲကွဲနေရသည့်ခံစားမှူသည်
အဆိုးဆုံးခံစားမှူဖြစ်ခဲ့သည်။တိတ်တဆိတ်အကြိမ်ကြိမ်ငိုကြွေးခဲ့ရပါသည်။
မိမိ၏ဘဝ၌ဖခင်၏ခံစားချက်သည်ပထမဦးစားပေးသာ
ဖြစ်ခဲ့သည်။မိမိသည်ငယ်စဉ်ကတည်းကဖခင်အပေါ်မည်မျှပင်ဆိုးနွဲ့ခဲ့စေကာမူဖခင်၏ဆန္ဒသည်သာဦးစားပေးခဲ့ပါ
သည်။ဖခင်သည်သာပထမဖြစ်ခဲ့ပါသည်။
မိမိမည်မျှဝမ်းနည်းကြေကွဲရပါစေ။ဖခင်ကြီးစိတ်ချမ်းသာ
လျှင်မိမိကျေနပ်ရပါသည်။ဤအတွက်လည်းနောင်တမရပါ။
အဘိုးအားစိတ်ပူမှူနှင့်နေ့စဉ်ငိုကြွေးခဲ့မိသောမိမိအားဝမ်းသာစေမည့်သတင်းကောင်းတစ်ခုအားမိခင်၏အမျိုး
တစ်ယောက်မှယူဆောင်လာပေးခဲ့ပါသည်။အဘိုးကျန်းမာစွာဖြင့်ဆေးရုံမှဆင်းသွားပြီဟူသည့်သတင်းဖြစ်ပေ
သည်။ထို့ကြောင့်ပူဆွေးမှူများပြေပျောက်ခဲ့ပေသည်။
မိမိ၏မျက်နာရိပ်မျက်နှာကဲအားအဖေသည်အရိပ်တကြည့်ကြည့်ဖြင့်ရှိနေခဲ့သည်။၅ရက်ကြာထိစကား
မပြောနိုင်လောက်အောင်စိတ်ကောက်ခဲ့ကြသောမိမိ
တို့သားအဖ၏ဆက်ဆံရေးပြန်လည်ကောင်းမွန်လာခဲ့
ပြီးပုံမှန်ပြန်ဖြစ်သွားခဲ့သည်။
မိမိတို့မိသားစုမုန်တိုင်းကင်းစင်၍ရာသီဥတုသာယာ
ကြည်လင်ခဲ့ပြီးမကြာသောအချိန်တွင်ပင်မုန်တိုင်းထန်
ခဲ့ပါသည်။မိမိ၏ဖခင်သည်ချောင်းဆိုး၍အပြင်းအထန်ဖျား
ပါတော့သည်။
ထိုအခါဖခင်၏မိတ်ဆွေဆရာဝန်မှအိမ်သို့ကြွရောက်၍
ကြည့်ရှူ့ ပေးခဲ့သည်။၎င်းဆရာဝန်မှဖခင်သည် အဖျားတာ
ရှည်နေခြင်းမှာငှက်ဖျားရောဂါဖြစ်နေ၍ဟုဆိုကာ
ငှက်ဖျားဆေးများပေးသော်လည်းဖခင်မှာသက်သာခြင်း
မရှိခဲ့ပေ။ထို့ကြောင့်မိမိတို့မောင်နှမနှစ်ယောက်ရပ်ကွက်
ထဲရှိအဆုတ်အထူးကုဆရာဝန်အားပြောင်း၍ပြရပါတော့
သည်။
ထိုဆရာဝန်ကြီးမှဖခင်၏အဆုတ်အားဓာတ်မှန်ရိုက်ခိုင်းပါသည်။ဆရာဝန်မှမိမိ၏ဖခင်သည်အဆုတ်၌အပေါက်ဖြစ်နေကြောင်း၊သာမာန်တီဘီရောဂါသည်များမှအဆုတ်တွင်စပေါ့လေးများသာတွေ့ကြောင်း၊ဖခင်၏အဆုတ်မှအပေါက်အားကြိုးစား၍ကုသမည်။သို့သော်အပေါက်ကြီးပိတ်မည်မပိတ်မည်ကိုအာမမခံကြောင်းပြောပြပါ
သည်။မိမိသည်အဖေသည်မောင်လေးရှေ့၌ဘာမှမဖြစ်
သလိုကြိုးစားကာဟန်ဆောင်၍နေခဲ့ရပါသည်။
အိပ်မပျော်သောညများများခဲ့သည်။မိမိဘဝ၌မိဘ၂ပါးမှ
မိခင်သည်ငယ်ငယ်ရွယ်ရွယ်ဖြင့်ဆုံးပါးခဲ့သည်။ဖခင်သာ
ထပ်၍လက်လွှတ်ဆုံးရူံှးခဲ့ရလျှင်ဆိုသည့်အတွေးဖြင့်စိတ်ဖိစီးမှူများစွာဖြင့်နေခဲ့ရသည်။မိမိ၏ရင်ဘတ်တစ်ခုလုံးထို
အတွေးကြောင့်မခံမရပ်နိုင်လောက်အောင်အောင့်၍နာကျင်သည့်ဝေဒနာခံစားရလာပါတော့သည်။
သို့သော်လည်အပူရုပ်ကိုဟန်လုပ်၍သာနေခဲ့ရသည်။မိမိ၏ဖခင်သည်လည်းထိုမျှလောက်ရောဂါဖြစ်သော်
လည်းသက်သာစပြုသည့်အချိန်မှစ၍၎င်း၏လုပ်ငန်းများအားပြန်၍လုပ်ကိုင်နေလေတော့သည်။မိမိ၏ဖခင်
သည်အစိုးရလခစားဝန်ထမ်းဖြစ်ခဲ့သည်။လာဘ်လာဘ
လွန်စွာရသောနေရာတစ်ခု၌ရောက်ရှိခဲ့သော်လည်းလခမှလွဲ၍မယူခဲ့ပေ။ထို့ကြောင့်ဖခင်ကြီးမှာရုံးအလုပ်အပြင်အားလပ်ချိန်၌အပြင်စီးပွားရေးလုပ်ငန်းများအား
ကြိုးစား၍လုပ်ကိုင်ခဲ့ရသည်။
ဤသို့ဖြင့်စိုးတထိတ်ထိတ်ဖြင့်နေခဲ့ရာသုံးလကြာသော
အခါ၌ဆရာဝန်မှဓာတ်မှန်ပြန်ရိုက်ဆေးစစ်ခိုင်းခဲ့လေ
သည်။ဆရာဝန်၏ပါးစပ်မှဖွင့်အန်လာမည့်စကားသံအား
ရင်တထိတ်ထိတ်ဖြင့်နားစွင့်နေခဲ့သည်။ထိုစောင့်နေ
ရသောခဏတာအချိန်လေးသည်မိမိဘဝ၌အရှည်ကြာဆုံးကာလတခုဖြစ်ခဲ့ပါသည်။
ဖခင်၏အဆုတ်သည်အခြေအနေကောင်းလာပြီ၊။အဆုတ်မှအပေါက်သည်မူလအတိုင်းပြန်ကောင်းလာနိုင်
သည်ဟူသောစကားကိုကြားသောအချိန်သည်ကားဘဝတွင်ဖော်မပြနိုင်လောက်အောင်ဝမ်းသာကြည်
နူးခဲ့ရသည့်အချိန်ခဏလေးဖြစ်ခဲ့ပါသည်ဟုရေးသားရင်း
ဖြင့်ဘဝတကွေ့ဝယ်အပိုင်း(၃)အားနိဂုံးချုပ်ပါသည်။
အိအိခိုင်ရေးသားသည်။
MSC No.173.
Credited image from https://www.pexels.com/photo/adult-affection-baby-beautiful-236220/
အဖေချစ်တဲ့သမီးလေးပေါ့နော်။အရမ်းကောင်းတဲ့အရေးအသားလေးတွေပါကွယ်။ဖိုက်တင်းမမ။
ဟုတ်ကဲ့။အားပေးလို့ကျေးဇူးပါအစ်ကိုကြီး။အစ်ကိုကြီးပိုပြီးskillကျွမ်းပါတယ်ရှင့်။
လူတိုင်း အဆိုးနဲ့အကောင်း အခက်အခဲကိုယ်စီနဲ့ပါ အားတင်းထားပါဗျာ...
တကယ့်ဘဝ..အမှန်ဆိုတော့၊စိတိထဲမကောင်းဘူးကွယ်။
ဒီလိုပါဘဲသမီးရေ...။ကိုယ့်ထက်ပိုဆိုးတဲ့ဘဝတွေကိုကြည့်ပီး...ဖြေသိမ့်ပါနော်။အတိတ်ရဲ့အကြောင်းတရားတွေပေါ့။
စိတ်ဓာတ်ကျစရာမလိုဘူးနော်။
ဟုတ်ကဲ့။အားပေးတာကျေးဇူးတင်ပါတယ်ရှင်။
အခအဖေကကျန်းမာေ၇းကောင်းသွားပီလားအမ
အစ်မအဖေကဆုံးသွားတာကြာပါပြီကွယ်။
အခက်အခဲတွေနဲ့ ရုန်းကန်နေရတာကိုက ဘဝလို့ ခေါ်ပါတယ် ညီမရေ ဖိုက်တင်းပါနော် ဘယ်လိုအခြေအနေဖြစ်ဖြစ် အားမလျော့ပါနဲ့
ဟုတ်ကဲ့မမ
ကျန်ရှိတဲ့ဘဝတစ်လျှောက်လုံး စိတ်ချမ်းသာကိုယ်ကျန်းမာရှိပါစေ
ဟုတ်ကဲ့ကျေးဇူးပါရှင်။
အရေးသားကလည်း ကောင်းပေါ့ဗျာ။ဝတ္ထုတစ်ပုတ်ဖတ်နေရသလိုပဲ။
ဟုတ်ကဲ့။ကျေးဇူးတင်ပါတယ်ကိုမြင့်ရေ။
အားပေးခဲ့ပါတယ်
ဟုတ်ကဲ့ကျေးဇူးပါရှင်။
အမ ဘဝအကြောင်းလေးတွေလားအမ
ဟုတ်ပါ့
ဘဝအတွေ့ကြုံတွေပေါ့နော်
ဟုတ်ကဲ့ရှင့်။