You are viewing a single comment's thread from:

RE: အပင်မှဖြစ်သော

in #myanmar6 years ago

ဇာတိ( ဥပပတ္တိဘဝ) ဇာတိဆိုတာက ဘဝတစ်ခုရတာ (ဝါ) ခန္ဓာအသစ်ဖြစ်ပေါ်တာ။ဇာတိ ပဋိသန္ဓေနေခြင်း(၄)မျိုးရှိပါတယ်။
၁။ဇလာဗုဇ= အမိဝမ်းခေါင်း သားအိမ်တွင်၌အောင်းရန် ပဋိသန္ဓေနေခြင်း။
၂=အဏ္ဍဇ ဥခွံအတွင်း၌ ပဋိသန္ဓေနေခြင်း။
၃=သံသေဒဇ သစ်အတွင်း ဝါးအတွင်း ရေညှိ သားပုပ် ငါးပုပ်တို့၌ မှီတွယ်၍ ပဋိသန္ဓေနေခြင်း။
၎=သြပပါတိက(ဝါ)ဥပပါတ် ပဋိသန္ဓေ နံရံ၏ ဒီဘက်မှ ဟိုဘက်သို့ ခုန်ချလိုက်သကဲ့သို့ ဖြစ်လေရာ ဘုံဌာနမှာ အရွယ်ရောက်ပြီးသား ခန္ဓာကိုယ်ကြီး ဗြုန်းခနဲဘွားခနဲ အထင်အရှားဖြစ်ပေါ်ခြင်း။

ဒါက သတ္တဝါဖြစ်တဲ့ အကြောင်းရင်းပေါ့ ဒိုမီရေးထားတဲ့ သတ္တဝါတွေက ၃ အတွင်းမှာပါတယ် ထူးဆန်းတယ်ပေါ့ သိပ္ပံပညာကလည်း ရှာဖွေဖော်ထုတ်ထားပါသေးတယ် ၁၀တန်း Bio မှာသင်ဖူးတယ် အပင်တွေ အနွယ်တွေကနေ သက်ရှိတွေ ဖြစ်လာတဲ့အကြောင်းပေါ့ တစ်နေ့ တော့ ဗုဒ္ဓရဲ့ တရားတော်တွေကို သိပ္ပံနည်းကျ လက်တွေ့ပြနိုင်မယ် ထင်ပါတယ် ကြိုးလည်းကြိုးစားနေပါတယ် ခုတော့ ဒီလောက်ပဲ ရှင်းပြတတ်သေးတယ်ကွယ်

Sort:  

‌လေးစားမိပါတယ်‌ဦးဇင်း။ဦးတင်‌ပါတယ်‌ဘုရား။

မှန်ပါ့ဘုရား မှတ်သားပါတယ်ဘုရား သံသေဒဇကို post ထဲမှာထည့်သေးဖို့စဉ်းစားပေမဲ့ အဲ့ဒီစာလုံး ကြားဖူးပြီး စာလုံးပေါင်း မသိနေလို့ဘုရား ။ လိုက်ရှာတာ ကိုယ့်စာလုံးမသိတော့ google ကလည်းမပြ ခုတော့ အရှင်ဘုရားမန့်ကြောင့်သိပါပြီ ကျန်တာတွေလဲ မှတ်သားအပ်ပါတယ်ဘုရား ။

Coin Marketplace

STEEM 0.28
TRX 0.12
JST 0.033
BTC 62845.90
ETH 3173.24
USDT 1.00
SBD 3.82