You are viewing a single comment's thread from:

RE: မြစေတီ (ရာဇကုမာရ်)ကျောက်စာ Myazedi (Rajakumar) Quadrilingual Stone Inscription

in #myanmar7 years ago

သား ဖြစ်သူ ရာဇကုမာရ ရဲ့ အမည်က Raja Kumar လို့ခေါ်တဲ့ ကုလား အမည် ရှိရင် အဖေ လုပ်သူ ကျန်စစ်သား ရဲ့ ကုလားအမည် ကို ကိုထွေးသိသလား..? ကျွန်တော် ကုလားတွေ တော်တော် များများနဲ့ အလုပ်လုပ်ဘူးတော့ သူတို့ နာမည်တွေမှာ Raja သို့ မဟုတ် Kumar ဆိုတာပါကြတယ်။ များသော အားဖြင့် အဖေနာမည်ကို ရှေ့မှာ ထားခေါ်ကြတယ်။ Raja ဆိုတာ ဘုရင်၊ အကြီးအကဲ လို့သိရတယ်။

ကျန်စစ်သားရဲ့ ကုလား အမည် အရင်းကို လိုက်ရှာနေတာ ကြာပြီ။ သိရင် လမ်းညွန်ပေးပါအုံး။ အရင်သိထားတဲ့ စန္ဒရ ကနရှိန် ဆိုတဲ့ ကသည်းစော်ဘွား ကလည်း Chandra Singh , ပန်ချာပီ လူမျိုးလို့သိရတယ်။

ဒေါက်တာ သန်းထွန်းရဲ့ ပုဂံခေတ်ကျောက်စာများ မှာ ရှာကြည့်တော့လည်း မတွေ့ဘူး။ ပုဂံ ၊ ပင်းယ ၊ အင်းဝ ၊ တောင်ငူ ၊ ညောင်ရမ်း၊ ကုန်းဘောင်ခေတ် တွေမှာ မြန်မာ လူမျိုတွေနဲ့ ပါတ်သက်တာဆိုလို့ အင်းဝ ခေတ်လောက်မှာ ကစပြီးပဲ ထဲထဲဝင်ဝင်သိရတယ်။ စိတ်ဝင်စားဖို့ကောင်းတယ်။

Sort:  

ကိုဟင် တွေးတတ်တယ် အမှန်ပြောရရင် ကျွန်တော်တောင် ကိုဟင်ပြောမှ သတိထားမိတာ Raja ဆိုတာ ကုလားအမည်ပဲ
ကျန်စစ်သား ရဲ့ကုလားအမည်ကို ဒေါက်တာ မတင်ဝင်း ရှိသေးရင်
မေးကြည့်ရမလိုပ။ သူ့ရဲ့စာအုပ်တွေထဲရှာကြည့်လိုက်အုံးမယ်။
ဒါပေသိ ကျန်စစ်သားက ကုလားတော့မဟုတ်ဘူးဗျ။ ကုလားဟုတ်မဟုတ်ဆိုတာလည်း လည်းရှာကြည့်ပါအုံးမယ်။
ရာဇကုမာရ် ရဲ့အမည်ကို ဘာသာဗေဒနဲ့ရေးထားလို့ ကုလားအမည်နဲ့ ဆင်တာလည်းဖြစ်နိုင်တယ်ဗျ။

Coin Marketplace

STEEM 0.04
TRX 0.32
JST 0.087
BTC 59829.08
ETH 1570.56
USDT 1.00
SBD 0.42