You are viewing a single comment's thread from:
RE: ကျွန်တော်ပြောသောစင်္ကပူ - အပိုင်း - ( ၁၇ )
ကျွန်တော်တို့ဆီမှာ ဓလေ့ထုံးစံတစ်ခုလိုဖြစ်နေတာက လုပ်ငန်းတစ်ခုချပေး လိုက်ရင် လုပ်ငန်းဝန်ဆောင်မှုစရိတ် ၁၂% ဆိုတာ နိုင်ငံတစ်ကာစံနှုန်းပါ၊ မြန်မာမှာတော့ အဲဒါက လုပ်ငန်းချမှတ်ပေးသူကအရင်ဖြတ်ထားပြီးသား၊ အောက်ခြေပြင်ဆင်သူများကလည်း ကိုယ့်စားရိတ်နဲ့ကိုယ်ပြင်ရပါတယ်၊ ပြင်ပြီးရင် ပြန်ရဖို့ကလည်းကာလအတော်ကြာစောင့်ရပါတယ်၊ ဒါကြောင့် နိုင်ငံပိုင်ဆိုရင် ပြင်ဆင်ဖို့ခက်ပါတယ်။ ရော်ဘာစက်ရုံ လုံးဝပျက်စီးသွားတာလည်း ဒီလိုအကြောင်းတွေအများကြီး နဲ့ သက်ဆိုင်ပါတယ်ဗျာ၊ တစ်ချို့အပိုင်းတွေက သိပေမယ့် ပြောမဖြစ်တာတွေအများ
ကြီးပါ။ အဲဒီအလေ့အကျင့်တွေကိုပြုပြင်ဖို့က နှစ်(၅၀)စီမံကိန်းဆွဲရမယ်ထင်ပါတယ်။
ရော်ဘာစက်ရုံ ပျက်စီးသွားတဲ့ အကြောင်းတော့ စိတ်ဝင်စားတယ် ဆရာရေ...
ပြင်ဆင်စရိတ်က မူလစက်ရုံဖိုးထက်များနေလို့ စက်ရုံပိတ်လိုက်ရတယ်၊ စက်ပစ္စည်းအကြောင်းမသိတဲ့ မိုးကျရွှေကိုစက်ရုံမှူးကြောင့် ကုန်ထွက်တိုးအောင် စက်များရဲ့ သုံးနိုင်တဲ့စွမ်းအားထက်ပိုသုံးပြီး ပြုပြင်မှုမရှိတဲ့အကြောင်းကနေစတာပါ၊ သေးသေးပြင်ရမှာကနေ လုံးဝပြင်မရအောင်ဖြစ်သွားတာလေ၊ ပညာရပ်ပိုင်းဆိုင်ရာတွေပါလာလို့ သိပ်နားမလည်တာနဲ့မရေးတာ၊ စက်ရုံက သထုံမှာ။